ကျောင်းတော်ကြီးသို့အလွမ်း ( ၄ )
Thu 07 May 2009ဇာတ်ကမယ့် ရက်ရောက်မှ သစ်ခွခြံစောင့်ရမယ့် နတ်ကနေမကောင်းလို့ ရောက်မလာနိုင်ပြန်ဘူး လူလည်းအစားထိုးမရတော့တာနဲ့ စာသားအလွတ်ရတဲ့ ရေးတဲ့လူထဲကတစ်ယောက် ထည့်ဆိုတော့ ကျွန်တော့် သစ်ခွခြံစောင့် နတ်အဖြစ် သရုပ်ဆောင်ရမယ် ဖြစ်ပြန်ရော ဒါပေမယ့် လူကောင်သေးနေတာနဲ့ စိုင်းဒီကို ထည့်လိုက်ရတယ်။ နောက်ထပ်လူစစ်တော့ ကလေးပရိတ်သတ်က တစ်ယောက်ပဲရှိတယ်။ လူရှာတာမတွေ့တာနဲ့ လူကောင်သေးတဲ့ ကျွန်တော်က ကလေးပရိတ်သတ်ထဲ ပါသွားပြန်ရော။ ကလေးယူနီဖောင်းက လွယ်ပါတယ် လောပန်းဘောင်းဘီတိုရယ် ပုဆိုးကို စလွယ်သိုင်း ပါးကွက်ကလေးနဲ့ပေါ့။
တစ်ခန်းရပ်ပြဇာတ်။ ။ကွန်ပျူတာတက္ကသိုလ်ဘိုးဘိုးကြီး နှင့် ကျောင်းသူ/သားများ
မင်းသား။ ။မြတ်ကျော်
မင်းသမီး။ ။နွယ်နွယ်ဝင်း
ဘိုးဘိုးကြီး။ ။အောင်ပြည့်စုံ
ကိုယ်ရေးအရာရှိ။ ။ရဲနိုင်စိုး
သစ်ခွခြံစောင့်နတ်။ ။စိုင်းဇင်ဒီဒီဇုံ
သစ်ခွခြံစောင့်နတ်အငယ်။ ။ဆောင်းချမ်းမိုး
ပြဇာတ်စတယ်ဆိုရင်ပဲ မင်းသား၊ မင်းသမီး စုံတွဲကထွက်လာပါတယ်။
အခန်း(၁)
မင်းသမီး။ ။ မောင်… တို့တစ်တွေ ကျောင်းတက်လာတာ အခုဆိုရင် ၃ နှစ်တောင်ရှိပြီ တောင်ပြုံးပွဲကို သွားလည်ချင်တယ် မရောက်ဖူးသေးဘူး။
မင်းသား။ ။ အချစ်ရယ် တောင်ပြုံးတော့ မသွားပါနဲ့ အခြောက်တွေက အလွန်လက်သရမ်းတယ် ကိုယ်ရန်ဖြစ်မိမယ်။
မင်းသမီး။ ။ ဟာ… မရဘူးကွာ အဲ့ဒီမသွားရရင် တစ်နေရာတော့သွားရမယ်။
မင်းသား။ ။ ဒီလိုလုပ်ပါ အချစ်ရယ် အဲ့ဒီနားက သစ်ခွခြံပဲလိုက်ပို့မယ် သစ်ခွပန်း ဝယ်ပေးမယ်လေ။
မင်းသမီး။ ။ ဟယ်… တစ်ကယ်လိုက်ပို့ရမယ်နော် မပို့လို့ကတော့ မောင့်ကို စိတ်ကောက်ပြီသာ မှတ်တော့။
ပြဇာတ်ကတော့ ပထမအခန်းကတည်းက ပရိတ်သတ်က ပွဲကျနေပြီ။ မင်းသမီးက မောင်လို့ တစ်ခါခေါ်ရင် ဝါးကနဲ့ကို ပွဲကျနေတော့တာပဲ။ မင်းသား မင်းသမီးကလည်း ဂေါ်မစွံတွေဆိုတော့ အသံနေအသံထားကလည်း မခေါ်တတ်ဘူးလေ ဒါကိုက ဟားစရာဖြစ်နေတော့တာပဲ။
ကျောင်းကားဂိတ်က အစကတော့ ကားအစား ဆိုက်ကားတွေကို စင်ပေါ်ကို တင်မလို့လုပ်ထားတာ ပွဲနေ့ကျမှ ဆိုက်ကားက တစ်စီးမှမရှိဘူး ဒါနဲ့ ထိုင်ခုံတွေကို စင်ပေါ်တင်ပြီး ထိုင်ခုံလေးလုံးကို ရှေမန်းမေလို့ စာရွက်နဲ့ကပ်ထားလိုက်တယ်။
အခန်း(၂)
ကျောင်းသူ(၁)။ ။ ဟယ်… ကားတွေ နေရာလွတ်သေးတယ်တော့။ သူငယ်ချင်းတွေ အတွက်ပါနေရာဦးရမယ်။ ဒါကြောင့် ဗလာစာအုပ် တစ်ဒါဇင် အမြဲထည့်ထားတာ အဟိ။ ပြီးမှ မုန့်သွားစားမယ်။
ကျောင်းသူ(၂)။ ။ ဟင်… ကားပေါ်မှာ လူကဖြင့် တစ်ယောက်တည်း ခုံကဦးထားတာ ပြည့်နေတာပဲ။ စာအုပ်တစ်အုပ် အသာဖယ်ပြီး ထိုင်လိုက်ဦးမယ်။
ကျောင်းသူ(၁)။ ။ ဟဲ့ကောင်မ… ဒါငါဦးထားတာအေ့။
ကျောင်းသူ(၂)။ ။ ငါရောက်တုံးက ဘယ်သူမှကို မရှိသေးပါဘူးအေ ဒါကြောင့် ငါထိုင်နေတာပါ။ ညည်းဦးထားတယ်ဆိုရင် ဘယ်မလဲသက်သေ။
ကျောင်းသူ(၁)။ ။ ညည်း အဲ့ဒီလို မပြောနဲ့ ငါစာအုပ်နဲ့ဦးထားခဲ့တာပဲ။
ကျောင်းသူ(၂)။ ။ ဘယ်မလဲညည်းစာအုပ် ဒါကဗလာစာအုပ်ကြီး ညည်းစာအုပ်မှ မဟုတ်တာပဲ။
ကျောင်းသူ(၁)။ ။ ညည်းလူပါးမဝနဲ့နော် အဲဒါငါ့စာအုပ် ညည်းလွယ်အိပ်ထဲလည်း ဗလာစာအုပ်ပါတာ မသိတာကျနေတာပဲ။
ကျောင်းသူ(၂)။ ။ #\(*%*!~<br/>ကျောင်းသူ(၁)။ ။ #\)%!~
ကျောင်းသူနှစ်ဦး ရန်ဖြစ်နေတုန်း မင်းသားရောက်လာပြီး မရှေးမနှောင်းမှာ ကျောင်းသား တစ်ဦးရောက်လာသည်။
မင်းသား။ ။ ဟာ… သူငယ်ချင်း အတော်ပဲကွာ အကူအညီတစ်ခု တောင်းချင်တယ်ကွာ
ကျောင်းသား။ ။ ပြောလေကွာ ဘာလုပ်ပေးရမှာလဲ
မင်းသား။ ။ ငါ့ကောင်မလေးက တောင်ပြုံးနားက သစ်ခွခြံမှာ ပန်းဝယ်ချင်တယ် ပူဆာနေလို့ကွာ ခက်တာက ပွဲရှိနေတော့ ကားကို အဲ့ဒီနားမှာ ရပ်ခိုင်းလို့မရဘူး ဆရာမက အမိန့်ထုတ