ပုံတိုပတ်စနှင့် ထင်ရာမြင်ရာ (၂)
Wed 22 July 2009တစ်ခါက အင်မတန်ခေါင်တဲ့ နေရာမှရှိတဲ့ ရွာတစ်ရွာမှာ ယာစိုက်စားတဲ့ လင်မယားနှစ်ယောက်ရှိ သတဲ့။ သူတို့ကလည်း မြို့ကို အရောက်အပေါက် နည်းလို့ အိမ်မှာကလည်း အိမ်သုံးပစ္စည်းကလည်း သိပ်မရှိရှာဘူး တစ်ရက် ယောက်ျားဖြစ်သူက ကုန်တွေရောင်းရင်းနဲ့ စျေးရောက်တော့ မှန်တွေရောင်းနေတာ တွေ့တယ်။ သူကလည်းမှန်ကို ဘာလုပ်တဲ့ဟာမှန်းမသိဘူး ကြည့်လိုက်တော့ သူ့ပုံကပေါ်နေတာပေါ့။ သူ့ပုံမှန်းမသိတော့ သူ့အဖေ ငယ်ငယ်ကပုံ ပန်းချီကားပါဆိုပြီး ဝယ်လာတာပေါ့။ အိမ်ရောက်တော့ ထန်းခေါက်ဖာထဲ ထည့်သိမ်းပြီး အားရင် ကွယ်လွန်သွားတဲ့ အဖေဆိုပြီး အလွမ်းပြေ ထုတ်ထုတ်ကြည့်ပြီး ငိုသေးတာ။
မိန်းမဖြစ်သူကလည်း ယောက်ျားဖြစ်သူ ဘာကြည့်ပြီး ငိုငိုနေပါလိမ့်ဆိုပြီး တစ်ရက် ယောက်ျားဖြစ်သူ အပြင်သွားတုံး ဖွင့်ကြည့်လိုက်တော့ သူ့ပုံကိုမှန်ထဲ မြင်ပါရော။ ဒီတော့မှ ယောက်ျားဖြစ်သူက သူ့သေသွားတဲ့ မယားငယ်ပုံကို ခိုးကြည့်နေပါတယ်ဆိုပြီး ပြန်လာတော့ ရန်ဖြစ်ကြတော့တာပဲ။ နောက်ဆုံး မိန်းမဖြစ်သူက ရွာဦးကျောင်းက ဘုန်းကြီးသွားတိုင်တာပေါ့ အရှင်ဘုရားရဲ့ တပည့်ကျော် သူ့မယားငယ်ပုံကို သိမ်းထားတယ်ပေါ့။ ယောက်ျားဖြစ်သူကလည်း အဖေ့ပုံပါဆိုပြီး ငြင်းတာပေါ့။ ဘုန်းကြီးကလည်း ကိုင်းဒါဆိုလည်း ပြစမ်း ငါကြည့်မယ်ဆိုပြီး မှန်ကိုယူကြည့်တယ်။ ဖြစ်ချင်တော့ သူလည်းမှန်ကိုမမြင်ဖူးဘူး မှန်ထဲက သူ့ပုံကိုလည်းမြင်ရော ဟဲ့… နင်တို့တော့ အကုသိုလ်တွေ ဖြစ်တော့မှာပဲ ဘာမယားငယ်မှလည်း မဟုတ်ဘူး ဘာမှ မင်အဖေပုံလည်း မဟုတ်ဘူး။ ဒါငါ့ကျောင်းက ပျံလွန်တော်မူသွားတဲ့ ငါ့ဆရာတော်ကြီးပုံဟဲ့ အိမ်မှာမထားကောင်းဘူး ငါ့ကျောင်းထားခဲ့ သွားပြန်တော့ဆိုပြီး ပြန်လှတ်လိုက်သတဲ့။
ဒါက ကျောင်းကန်အနီးမှ မြန်မာပုံပြင်များထဲက ဟာကိုပြောတာ တောသူတောင်သားတွေ ခေတ်ပေါ်ပစ္စည်းမမြင်ဖူးဘူး လို့ပြောတာပဲ။ ကြားဖူးတာကတော့ တောသားမြို့ရောက်တဲ့ ဟုတ်ဘူးထင်တယ် အခုတော့ မြို့သားတောရောက် မျက်စေ့သူငယ် နားသူငယ်ဖြစ်တာပဲ။ အဖေဖြစ်သူက အညာသားစစ်စစ် လူမြင်လိုက်တာနဲ့ ငြင်းစရာမလိုဘူး။ ဒါပေမယ့် နေမကောင်းလို့ အဘိုးဆီမပြန်ဖြစ်တာ ကြာပြီ အဘိုးကပဲ အိမ်ကိုလာတယ်။ ဒီတော့ ငယ်ငယ်တုံးကပဲ ရောက်ဖူးတယ် အပြင်မထွက်လာခင်က အဘိုးဆီသွားမယ်ဆိုပြီး သွားလည်တယ်ဗျ။ အဘိုးက မ့်ရွာအထွက် အလုံနားလေးက ရွာမှာနေတယ် ရန်ကုန်လည်း ခေါ်ထားမရဘူး မန္တလေးလည်း ခေါ်ထားမရဘူး အဲဒီမှာပဲနေတယ်။ ရောက်တော့ ညနေကျတော့ ရေချိုးမယ်ဆိုတော့ အစ်မဖြစ်သူက ခြံထဲကရေတွင်းကိုသွားမယ် လာဆိုတော့ ကျွန်တော်က ရေငင်စရာ ရေပလုတ် ဘယ်မလဲ ကျွန်တော်သယ်ခဲ့မယ်ဆိုတော့ အစ်မက မလိုဘူးတဲ့ ဟိုမှာဂေါက်ရှိတယ်တဲ့။ ရောက်တော့ ဘယ်ဟုတ်မလဲ ရေစုတ်စက်မောင်းတဲ့ စက်နှိုးတဲ့ ဂေါက်ဖြစ်နေတယ်။ ရေချိုးတာ ဘယ်နှယ် စက်နှိုးစရာမလိုပါဘူးဆိုတော့ မဟုတ်ဘူးတဲ့ ခြံထဲရေသွင်းရမယ့် အတူတူ ဒို့ရေချိုးပြီးမှ ရေသွင်းမယ်တဲ့။ ကိုယ်သိတာက ငယ်ငယ်ကဆို ရေငင်ဖို့ သစ်စေးသုတ်ထားတဲ့ ရေပလုတ်လေးတွေ သယ်သွားရတာ အခုတော့ ကိုယ်တောင် မျက်စေ့လည်သွားတယ်။
ညနေပိုင်းလောက်ကျတော့ အစ်ကိုဝမ်းကွဲ တစ်ယောက်ကို ပြန်လာတာမတွေ့သေးတာနဲ့ မေးကြည့်တော့ ယာထဲက တလင်းမှာ ပဲခွေနေတယ်ဆိုပဲ။ ဒါနဲ့လိုက်သွားဦးမယ်ဆိုတော့ အစ်မဖြစ်သူက ဟဲ့… ဝေးတယ် ဆိုင်ကယ်စီးတတ်ရင် ယူသွားပါလားတဲ့။ ဟမ်… ဆိုင်ကယ်ဆိုတော့ ကြည့်လိုက်တော့ တရုတ်ဆိုင်ကယ်ဗျ။ ဘယ်နှယ် မန္တလေးသားကို ဆိုင်ကယ်စီးတတ်သလားဆိုတော့ သိက္ခာကျတယ် စီးတတ်ပါတယ်ဆိုပြီး စီးထွက်လာလိုက်တာ လယ်ထဲရောက်တော့ ပြဿနာတက်တာပဲ ဆိုင်ကယ်ဖက်မွေးလာတယ် ဆိုပေမယ့် တစ်ပေလောက် လယ်ကန်သင်းပေါ်ကို ကျတော့မစီးရဲပြန်ဘူး။ အစ်မကတ